မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

၂၀၁၂ ရက်နေ့ အောက်တိုဘာလ
၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁)
ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌
 မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း
ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ

၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ
ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။

ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာ ကားမှန်များ ရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက်
 ငြိမ်းချမ်းရေး (၂) လမ်းနေ ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း၊ ရေပုန်းရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ်
 ၈/ဆ- ၄၁၄၉ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက်
သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း စသည့် မော်တော်ယာဉ်

(၃)စီးတွင် ဖြစ်ပွားခဲ့သည်။

မနက်ပိုင်း ရရှိသော သတင်းအရ ဖြစ်ပွားမှုမှာ မော်တော်ယာဉ် (၆)စီးထက် မနည်း
ဖျက်ဆီးခြင်း ခံရနိုင်ကြောင်း နှင့် မော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် အမှုအခင်း
 မလုပ်လိုသဖြင့် အမှုဖွင့်ခြင်း မပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။



No comments:

Post a Comment