ကချင်စစ်မျက်နှာငြိမ်းချမ်းရေးမှသည် တပြည်လုံးငြိမ်းချမ်းရေးသို့ 
မျက်မှောက်ကာလမှာ ကချင်ပြည်နယ် ဘက်က စစ်မျက်နာအကြောင်းကို စတင်ပြောလိုသည်။ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်ပြီး ကမ်းလှမ်းမည်ဟု သတင်းထွက်လာသည်။
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း အစိုးရမှ တွေ့ ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်ထားသော် လည်း  
ကေအိုင်အိုဖက်မှ ဘာမှ မတုန့် ပြန်ပါဟု ထပ်ဆင့်ပြောလာသည်ကို သိရသည်။
ကေအိုင်အိုခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကမူ နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆန္ဒရှိနေဖို့ လိုသည်ဟု အစိုးရကို ရည်ညွှန်းပြီး ပြောဆိုထားသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ယခုဖြစ်နေသော စစ်ပွဲကို ချက်ချင်းရပ်ဟု ပြည်တွင်းပြည်ပမှာ တရားဝင် လူသိရှင်ကြား တောင်းဆိုနေကြသည်။ 
ထင်ရှားသောပြည်တွင်းရှိ နိုင်ငံရေးပါတီများမှမူ ကချင်စစ်ပွဲ ချက်ချင်းရပ်ဆိုသော စကားကို အားရပါးရ မကြားမိ။ လွန်ခဲ့ သော ( ၁ရ ) နှစ်ခန့် က ငြိမ်းချမ်းရေးစာချုပ်ဆိုထားခဲ့ သော ကေအိုင်အိုနှင့် စစ်အစိုးရ၏ စာချုပ်မှာ ဒီမိုကရေစီအရပ်သားအစိုးရပါဟု ကိုယ့်ကိုကိုယ်အာမခံယင်း ပြောနေသောအစိုးရလက်ထက်မှာ စုတ်ပြတ်သတ် ဆွဲဆုပ်ခံလိုက်ရပါပြီ။ 
အမှန်တကယ်ဆိုရလျှင် ၄င်းငြိမ်းချမ်းရေးစာချုပ်သည် ယခင်စစ်အစိုးရလက်ထက်တွင်ပင် ဆွဲဖြဲစုတ်ပြတ် တရားမ၀င်ပါဟု ပြုလုပ်ခဲ့ ပါက ကြည့်ကောင်းစရာ ဖြစ်သည်။ ထို့ ကြောင့် နိုင်ငံရေးအရ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်သွားသည်နှင့် ဖွံ့ ဖြိုးတိုးတက်နေသော မြင်ကွင်းအရာခပ်သိမ်းတို့ မှာ အနိဋ္ဌါရုံလုံးဝဖြစ်ပျက် သွားသည်။
 သွေးသံရဲရဲ ဖြစ်ပျက်သွားသည်။ တန်ဖိုးဖြတ်မရသော လူ့ အသက်ပေါင်းများစွာ သေဆုံး ပျက်စီးသွား ရသည်။ ၄င်းလူသားတို့ ၏ ငိုကြွေးနေသော ၀ိညဉ်ကို နားထောင်ယင်း သူတို့ ၏ သွေးချောင်းစီး အလောင်းကောင်များပေါ်မှ မည်သို့ သော ဒီမိုကရေစီအနှစ်သာရ စကားကို ပြောကြားကြမည် ဆိုသည်
ကို တွေးလို့ မရ။
 မြန်မာနိုင်ငံ၏ နိုင်ငံရေးစာချုပ်များဖြစ်သော အောင်ဆန်းအက်တလီစာချုပ် ၊ လင်္ကျာဖရီးမင်းစာချုပ် ၊ နုအက်တလီစာချုပ်များမှာ ယခုထက်တိုင် အသက်ဝင်ဆဲရှိနေသည် ။ အကယ်၍ ၄င်းစာချုပ်များကို စက္ကူစုတ်မျှ တန်ဖိုးမထားတော့ဆိုကာ ပြုလုပ်ကြမည်ဆိုလျှင် မြန်မာနိုင်ငံသည် ယခုကချင် စစ်မျက်နာ မှာ ဖြစ်ပျက်နေသော အခြေအနေဆိုးထက် သွေးချောင်းစီးမည်ဆိုသည်ကို သဘောပေါက်ဖို့ လိုပါသည်။ 
တချိန်တည်းမှာပင် ပင်လုံစာချုပ်ကို ဖယ်ရှားထား၍ ယခုလို ဖြစ်ပျက်နေသေးသည်ကိုလည်း နိုင်ငံရေး သိပ္ပံ အရ နားလည်သဘောပေါက်ရန်လိုသည်။ ထို့ ကြောင့် နိုင်ငံရေးစာချုပ်ကို ချုပ်ဆိုရာ၌ မည်မျှအရေးကြီး သည်၊ မည်မျှဂုဏ်သိက္ခာရှိရသည်၊ မည်မျှ တန်ဖိုးထားရသည်ကို ခွဲခြားကြရန်လိုပြီဟုမြင်သည်။ 
 မနေ့ ကချုပ်- မနက်ဖန် လွှင့်ပစ်ရမည်လား ယခုအချိန်တွင် ငြိမ်းချမ်းရေးစာချုပ်ကို ချူပ်ဆိုပြီး ၄င်းစာချုပ် ပါအချက်အလက်အတိုင်း အကောင်အထည် ဖေါ်ဆောင်ရန်လိုသည်။ စာချုပ်လက်မှတ်ထိုးကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများသည် ပန်းနှင့်ပေါက်သော ကစားပွဲကို ရပ်တန့် စေခြင်းမဟုတ်ဘဲ လူသတ်တမ်း စိန်ခေါ်နေသည့်ပွဲကို ချက်ချင်းရပ်တန့် အောင် ဆောင်ရွက်ကြသူများသာဖြစ်သည်။ 
အတူယှဉ်တွဲ နေထိုင်ပြီး လက်နက်ကိုင်အဖွဲ့ အချင်းချင်း နားလည်မှူယူထားကြစဉ်က အငြိုးအတေးများမှာ ပပျောက်နေခဲ့ သည်ကို ဂရုပြုရမည်ဖြစ်သည်။ ခုတော့ မနေ့ က ချုပ်ဆိုထားသော စာချုပ်ကို မနက်ဖန် လွှင့်ပြစ်၍ ရသည်ဆိုတော့ နိုင်ငံရေးအရ လူကြီးလူကောင်းမဆန်ပေ။ သို့ ဖြစ်၍ ယခုအခါ ကချင်စစ် မျက်နှာ၏ အခြေနေများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများအဆင့် ဆင့် ဆောင်ရွက် သင့်ပါသည်။ 
အပစ်အခတ် ရပ်စဲရန် လိုအပ်ခြင်း ရှေးဦးစွာ အပစ်အခတ်ရပ်စဲရန် လိုအပ်သည်။ ကျင်းပနေသော  
ပြည်သူ့ လွှတ်တော်မှလည်း ယခုဖြစ်ပွါးနေသော ကချင်နယ်မြေဖက်မှ အခြေအနေများကို စိတ်မ ချမ်းမြေ့ ဘွယ်ရာ ဖြစ်နေသောကြာင့် ရပ်တန့် ပေးပြီး ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးကြပါရန် တိုက်တွန်း ချက်ထုတ်ပြန်သည်ကို တွေ့ ရသည်။ 
၎င်းလွှတ်တော်မှ တိုက်တွန်းချက်သည် အစိုးရ၏ တိုက်တွန်းချက်ပင်ဖြစ်သည်ဟု ယေဘူယျသုံးသပ် လက်ခံထားပါသည်။ အမေရိကပြည်ထောင်စု ၊ ကမ္ဘာ့ကုလသမ္မဂနှင့် အီးယူအဖွဲ့ ဝင်နိုင်ငံများ၊   ဗြိတိန် နိုင်ငံစသည်တို့ မှ ၄င်းစစ်ပွဲကို ရပ်စဲပေးကြဖို့ နှင့် လေကြောင်းမှ မတိုက်ခိုက်ဖို့  မေတ္တာ ရပ်ခံထားပြီးဖြစ် သည်။
 အပစ်အခတ်ရပ်စဲရန်ကိုတောင်မှ မြန်မာအစိုးရတပ်မတော်နှင့် ကေအိုင်အိုတို့ မှာ တိကျသော အခြေ အနေမရှိသေးသောကြောင့် ဤစစ်ကို ရှည်ကြာအောင် ထိုင်ကြည့်နေ၍ မရ။ မည်သူမျှ မဖိတ်ခေါ်လျှင် လည်း ပြည်သူတို့ ၏ တာဝန် တရပ်အနေဖြင့် ကချင်စစ်ပွဲ ချက်ချင်းရပ်ဟု ကျွန်တော်တို့  ပြောဆိုရဲကြ ရမည်။
 ကျွန်တော်တို့ ၏ အသံကို နှစ်ဖက်စလုံးမှ ကြားစေရမည် ။ သို့ မှသာ မည်သူကမှားသည် -မည်သူကဖြင့် ဘယ်လို ဆိုသော စောဒကတက် ပြောဆိုခြင်းများကို နိဂုံးသတ်စေပြီး မျက်နာချင်းဆိုင်တွေ ဆုံဆွေးနွေး  
ရေးကို ဦးတည်လာစေမည်ဖြစ်ပါသည်။ 
သည်တော့ အပစ်အခတ်ရပ်စဲရေးအတွက် မည်သို့ လုပ်ဆောင်ရမည်နည်း ။ ပထမဦးစွာ နှစ်ဖက်စလုံးမှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် နှင့် မြန်မာအစိုးရတပ်မတော်မှ ယခုစစ်မျက်နာမဖြစ်ပွါးခင် ရှိနေခဲ့ သော တပ်စွဲခဲ့ သည့်နေရာသို့  စခမ်းများ ဆုပ်ခွါပေးရန်လိုသည်။ 
ယခင်ဗိုလ်နေမြဲ ကျားနေမြဲ နေရာကို ဆောင်ရွက်သင့်ပါသည်။ သို့ မှသာ အပစ်အခပ်ရပ်စဲရေး ဆိုသော နည်းလမ်းများမှာ အကောင်အထည် ဖေါ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။
 တွေ့ ဆုံဆွေးနွေးရေးအတွက် နေရာသတ်မှတ်ခြင်း ယခင်က မြစ်ကြီးနားမြို့ လောက်မှာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ ပြီး မလိုအပ်သည့်အချိန်တွင် စက္ကူစုတ်လောက်တန်ဖိုး မထားတော့သည်ကို သင်္ခဏ်း စာယူထားရန်မှာ နှစ်ဖက်စလုံးအတွက် အရေးကြီးသည်။ 
ယခုပြုလုပ်မည့် မြန်မာအစိုးရနှင့် ကေအိုင်အိုလက်နက်ကိုင် အဖွဲ့ တို့ ၏ ငြိမ်းချမ်းရေးစာချုပ်သည် ဂုဏ် သိက္ခာရှိသော နေရာဝန်းကျင်ဖြစ်ရန်လိုသည်။ 
ဒဲ့ ပြောရလျှင် -၂၀၀၉-ခုနှစ် စက်တင်ဘာလ-၃၀ ရက်နေ့ က အမေရိကန်ဆီးနိတ်လွှတ်တော် ကက် ကမ်ဘဲလ် - ( Mr Kurt Campbell ) - သည် မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ ထားရှိရေးကို ၀ါရှင်တန် စီဒီရှိ လွှတ်တော်ကြားနာရုံးမှာ တင်ပြဆွေးနွေးသူဖြစ်သည်။
 ဆီးနိတ်လွှတ်တော်အမတ် ဂျင်ဝတ်ကမူ ကြားနာသူအဖြစ် ဆောင်ရွက်ပြီး ကုလသမ္မဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့် ၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ မှုအား ရုပ်သိမ်း သင့်ကြောင်း တင်ပြဆွေးနွေးသည်။ 
၎င်းကြားနာဆွေးနွေးပွဲကို ကျွန်တော် တက်ရောက်ခဲ့ ဖြစ်သည် ။ လွန်ခဲ့ သော ရက်က မစ္စကက်ကမ်ဘဲလ် ၏ အမှတ်မထင် သူငယ်ချင်းဖြစ်ကြသော သူနှစ်ဦးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့  နှစ်ယောက်အကြောင်းဆောင်းပါး ရေးသားလာသည်ကို ဖတ်လိုက်ရသည်။
 ကျွန်တော်ပြောချင်သည်မှာ ဆီးနိတ်လွှတ်တော် အမတ် မစ္စတာ-ကတ်ကမ်ဘဲလ် သည် -၂၀၀၉-ခုနှစ်က   မြန်မာစစ်အစိုးရကို ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချခဲ့ သူတဦးဖြစ်ပြီး အမေရိကပြည်ထောင်စု လွှတ်တော် တွင် သြဇါအာဏာရှိသူဖြစ်သလို ယခုအချိန်၌ မြန်မာနိုင်ငံအရပ်သားအစိုးရနှင့်လည်း ရင်းနှီးခင်မင်သူဖြစ် သည်။
 သူ့ အား ပြောဆိုပြီး မြန်မာနိုင်ငံအစိုးရနှင့် ကေအိုင်အိုတို့  မျက်နာချင်းဆိုင် တွေ့ ဆုံဆွေးနွေးရေး အတွက် နေရာထိုင်ခင်း ခွင့်ပြုပေးပါရန်နှင့် စည်းကမ်းဥပဒေသများ ရေးဆွဲပေးကာ ကြားဝင်စေ့ စပ်ဖြန်ဖြေပေးပါရန် တောင်းဆိုသင့်သည်။
 အစိုးရသည်၎င်း ၊ ကေအိုင်အိုတို့ သည်၎င်း လိုအပ်သောအကူအညီများကို တောင်းဆိုရန်လိုသည်။ အမေရိကပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာများကို အဆုံးစွန် ခွင့်လွှတ်နားလည် ထားပြီး စေတနာကောင်းများနှင့် ဆောင်ရွက်နေသည်ကို ယုံမှားစရာ မရှိချေ။ 
ဤအတွက်ကြောင့် နေရာအဖြစ် သတ်မှတ်လျှင် အမေရိကပြည်ထောင်စုမှာ အသင့်တော်ဆုံးဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။ တတိယနိုင်ငံမှာ ဆွေးနွေးရန် သင့်ပါသလား ဤမေးခွန်းကို တိတိကျကျ ဖြေရလျှင် လိုအပ်သည်ဟု ပြောရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် လွပ်လွပ်ရေး ရရှိပြီးသည်မှ ယခုအချိန်ထိ နှစ်ပေါင်း ( ၆၅ ) နှစ်အထိ ဖြစ်ပွါးနေဆဲဟု နိုင်ငံရေးသုတေသီတို့ က သုံးသပ် ထားကြသည်။
သို့ ဖြစ်၍ အခြားသောတိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားခြင်းများမှာ စိတ်ချခိုင်လုံမှုများ ရှိမရှိ မသုံးသပ်နိုင်သော်လည်း ကေအိုင်အိုလက်နက်ကိုင် အဖွဲ့ နှင့် စာချုပ်ချုပ်ဆိုလျှင် စိတ်ချခိုင်လုံမှုနှင့် အာမခံမှုများ ရှိစေသော စာချုပ်ဖြစ်ရန်လိုသည်။
 ထို့ ကြောင့် တတိယနိုင်ငံဖြစ်သော အမေရိကပြည်ထောင်စုတွင်   ဆွေးနွေးပြီး ငြိမ်းချမ်းရေး စာချုပ်ချုပ် ကြလျှင် - နှစ် ( ၆၀ ) ပြည်တွင်းစစ်ငြိမ်းချမ်းလိုလျှင် - ရေရှည် အမျိုးသားအကျိုးစီးပွါးများကို ကာကွယ်  
သောအာမခံစာချုပ်များ ဖြစ်လာလိမ့်မည်ဟု ယုံကြည်သည်။ 
 တွေ့ ဆုံဆွေးနွေးရေးတွင် လိုအပ်ချက်များသည် အခြားသောတိုင်းရင်းသားလူမျိုးများ၏ လိုအင်များဖြစ်   ခြင်း။ တနေ့ ကဒေါ်အောင်ဆန်းစုကြည်၏ ကချင်အရေးနှင့်ပါတ်သက်၍ သူတို့ က ဘာကိုလိုချင်၍ အစိုးရက ဘာကို ဆိုပြီး ပြောဆိုသွားသည်ကို တွေ့ ရသည်။
 အခြားသော ဆောင်းပါးရှင်းများကလည်း ကချင်စစ်မျက်နာသည် ဘာကြောင့်လဲ ဆိုသည်ကို မသိသော် လည်း စစ်ပွဲကို ရပ်စဲစေလိုသည်ဆိုသော အရေးအသားမျိုး ရေးသားနေကြသည်ကို တွေ့ ရသည်။
   ကေအိုင်အိုလက်နက်ကိုင်အဖွဲ့ အစည်းသည် တန်တူအခွင့်အရေးနှင့် ကိုယ်ပိုင်ဥပဒေပြဋ္ဌန်းရေး - ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရေးနှင့် ပင်လုံစာချုပ်ပါအချက်အလက်များကို ဦးစားပေးဆောင် ရွက်လိုကြသော  
တောင်းဆိုချက်များဖြင့် တိုက်ပွဲဝင်နေသည့်သူများဖြစ်သည်။ ဤအချက်နှစ်ခုသည် -၂၀၀၈-ဖွဲ့ စည်း အုပ်ချုပ်ပုံ ဥပဒေတွင် ကွယ်ပျောက်နေသည်ဟု သူတို့ ခံစားနေကြရသည်။
 သို့ အတူ တိုင်းရင်းသားလူမျိုးတို့ ကလည်း ၄င်းနည်းအတိုင်းပင် ခံစားနေကြသည် ။ ဥပမာ တိုင်းရင်းသား လူမျိုးများပြည်နယ်မှာ ၂၀၁၀- ရွေးကောက်ပွဲ၌ မဲအနိုင်ရရှိခဲ့ သော ပါတီမှာ တိုင်းရင်သား နိုင်ငံရေး ပါတီများ ဖြစ်သော်လည်း တကယ်တမ်းအာဏာ ခွဲဝေယူသွားသောအခါ ပြည်နယ်အစိုးရနှင့်   ပြည်နယ် ၀န်ကြီးချုပ်သည် ကြံ့ဖွံ့ ပါတီမှ လူမသိ သူမသိသူများ ဖြစ်သွားသည်။ 
၎င်းအချက်ကပင် တိုင်းရင်းသားလူမျိုးများအဖို့  မိမိကြမ္မာ မိမိတို့  ဖန်တီးရေးဆိုသော စိတ်ခံစားမှု များကို ရောင်ပြန်ဟပ်သွားစေသည်ဟု ပြောဆိုကြသည်။ အကယ်၍ ကချင်စစ်မျက်နာကို ရပ်တန့် ရေး အတွက် ငြိမ်းချမ်းရေးကို ဆွေးနွေးသည့်အခါ နိုင်ငံရေးပြသနာဖြစ်သော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆိုသော ဖက်ဒရယ်ပြည်ထောင်ပေါင်းစု စနစ်ကို ဆွေးနွေးမည်ဆိုပါက ပြီးပြည်စုံမည်ဖြစ်သည်။ 
သို့ အတူ ၄င်းဆွေးနွေးချက်များသည် စက္ကူစုတ်မဖြစ်တော့ဘဲ ဂုဏ်သိက္ခာရှိသော အမေရိကပြည်ထောင်စု ၏ သမိုင်းဝင်စေမည့် နိုင်ငံရေးစာချုပ်တခုလည်း ဖြစ်သွားမည်။ 
အဘယ့်ကြောင့်ဆိုသော် နောင်အနာဂါတ်အတွက် ဘောင်ကန့် သတ်မှုများဖြင့် ပြည်တွင်းစစ်ရပ်စဲစေမည့် ငြိမ်းချမ်းရေးစာချုပ် ဖြစ်ရန် အဓိက အရေးကြီးပါသည်။ 
ခိုင်အောင်ကျော် (နယူးယောက်)~
ဧရာဝတီ ဘလော့ဂ် မှ ။
No comments:
Post a Comment