သင်ယူသင့်တဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ

လက်ရှိ မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲ များကြောင့် နိုင်ငံတကာက
အထူး အာရုံစိုက် လျက်ရှိပြီး စီးပွားရေး လုပ်ငန်းရှင် အများ အပြားက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုချိန်မှာ စာရင်း အင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာစီမံခန့်ခွဲ ကျွမ်းကျင်သူများ အထူးလိုအပ်လာပြီး နိုင်ငံတကာက စာရင်းအင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဘွဲ့ရှိသူများ အနေနဲ့ မိမိနိုင်ငံ အတွင်းမှာပဲ နိုင်ငံရပ်ခြားမှ လစာနှုန်း ထားခံစားခွင့် များအတိုင်း ရရှိနိုင်တော့ မှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း နယ်ပယ်တိုင်း မြောက်ထားသူများက ကျယ်ပြန့်သော လုပ်ငန်းခွင် ရွေးချယ်ခွင့်များ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဘာသာရပ် မှာ ငွေနဲ့ ရင်းနှီးမြုပ်နှံမှုများ အကြောင်း သင်ကြားပေးခြင်းဖြစ်ပြီး မိမိရဲ့ ကိုယ်ပိုင် လုပ်ငန်း (သို့) ဖက်စပ်လုပ်ငန်း (သို့) ကုမ္ပဏီ လုပ်ငန်း (သို့) အစိုးရအဖွဲ့အစည်းများ အတွင်း ရင်းနှီးမြုပ်နှံခြင်း၊ ရှယ်ယာနဲ့ စာချုပ်များ ဝယ်ယူခြင်း၊ အဆိုပါ ရင်းနှီးမြုပ် နှံမှုများက ရရှိမယ့် အကျိုးအမြတ်များကို စီမံခန့်ခွဲခြင်းနဲ့ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက် နိုင်စေရန် သင်ကြားပေးမယ့် ဘာသာရပ်ဖြစ်ပါတယ်။
စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်များကို စင်ကာပူနိုင်ငံ အစိုးရအသိအမှတ်ပြု Edu Trust လက်မှတ် (၄)နှစ် ရရှိထားသည့် ထိပ်တန်း ပုဂ္ဂလိကကျောင်းများဖြစ်တဲ့ PSB, MDIS, JCU, CURTIN, SMF, SAAGE တို့မှာ သင်ယူနိုင်ကြမှာဖြစ်ပြီး ဩစ တြေးလျ၊ အင်္ဂလန်နဲ့ နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ဒီဂရီများရရှိနိုင်ကြမှာဖြစ်ပါ တယ်။ PSB Academy က ၂၀၁၃ ခုနှစ် အတွက် ဩစတြေးလျနိုင်ငံရဲ့ The University of Newcastle, The University of Wollongong အင်္ဂလန်နိုင်ငံရဲ့ Manchester Metropolitan University တို့နဲ့ ချိတ်ဆက်ထားတဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့ဒီဂရီ ရယူလိုသူများက အခြေခံပညာ အထက် တန်းအောင်မြင်ပြီးစီးပွားရေးစီမံဒီပလိုမာ (စာရင်းအင်းနဲ့ ဘဏ္ဍာရေး)သို့မဟုတ် အခြေခံစီးပွားရေး
ဒီပလိုမာမှတစ်ဆင့် စာရင်းအင်းနဲ့ ဘဏ္ဍာ ရေးအထူးပြု ဘွဲ့ဒီဂရီတန်းများကို ရယူနိုင် မှာဖြစ်ပါတယ်။ စင်ကာပူတွင် ပုဂ္ဂလိက ပညာသင်ကြားရေးအတွေ့အကြုံနှစ်ပေါင်း (၆၀) ဝန်းကျင်ရှိ MIDS က အမေရိကန်၊ ဩစတြေးလျ၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံတို့ မှ ထိပ်တန်းတက္ကသိုလ်ကြီးများနဲ့ ချိတ်ဆက်ကာ နိုင်ငံတကာအဆင့်မီဘွဲ့ဒီဂရီ အမျိုးမျိုးတို့ကို ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံ အထက်တန်း အောင်မြင် ပြီးသူများက MDIS ရဲ့စီးပွားရေးဒီပလိုမာနဲ့ အဆင့်မြင့် စီးပွားရေးစီမံ ဒီပလိုမာ များကို တက်ရောက် ပြီး အင်္ဂလန်နိုင်ငံရဲ့ University of Bradford က စာရင်းအင်းနဲ့ ဘဏ္ဍာရေး ဘွဲ့ဒီဂရီနဲ့ University of Wales က ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ ရီစတာတွေကို တက်ရောက်နိုင်မှာဖြစ် တယ်လို့ AT & S ပြည်ပ ပညာရေး ၀န်ဆောင်မှုမှ သိရပါတယ်။ သြစတြေးလျရှိ James Cook University (JCU) နဲ့ Curtin University တို့ရဲ့ Campus အခွဲများကို စင်ကာပူနိုင်ငံမှာ ဖွင့်လှစ် ထားပြီးTop Private စာရင်းဝင် များအဖြစ် ရပ်တည် လျက်ရှိကြပါတယ်။ Curtin University ရဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး၊ ဘဏ္ဍာရေးနဲ့ ဈေးကွက်ဆိုင်ရာ ဘွဲ့ဒီဂရီတန်းများကို ရယူလိုသူများ က Certificate IV Tertiary Preparation နဲ့ စီးပွားကူးသန်း ဒီပလိုမာများမှ တစ်ဆင့် ဒီဂရီတန်းများသို့ တက်ရောက် နိုင်မှာဖြစ်ပါတယ်။ အသိအမှတ်ပြုစာရင်း အင်းဘွဲ့ရရှိပြီးသူများက Curtin University စာရင်းအင်းဆိုင်ရာ မဟာဘွဲ့ ဒီဂရီတန်းကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ JCU (Singapore) မှာ စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာဘွဲ့ဒီဂရီ၊ စီးပွား ရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးမဟာဘွဲ့ ဒီဂရီ နဲ့ စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာ ဘွဲ့ဒီဂရီတို့ကို ပေါင်းစပ်ပေးအပ်မယ့် Joint Master တို့ကို တက်ရောက် သင်ကြားခွင့် ရရှိနိုင်မှာဖြစ် တယ်လို့ သိရပါတယ်။
အချိန်တိုအတွင်း Murdoch University, Australia, University College of Dublin, Ireland, University of Portsmouth, UK စာရင်းအင်း၊ ဘောဂဗေဒ၊ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲရေးဘွဲ့ဒီဂရီများကို ဘာသာရပ် တစ်ခုချင်းစီ (သို့) ဘာသာရပ် ပေါင်းစပ် သင်ကြားပေးမယ့် Double Majors အဖြစ် Kaplan Higher Learning Academy မှာ ရွေးချယ်တက်ရောက်နိုင် မှာဖြစ်ပြီး အဆိုပါ ဘွဲ့ဒီဂရီ များအတွက် Kaplan က ပေးအပ်မည့် စာရင်းကိုင် ဒီပလိုမာ (သို့) ဘဏ်လုပ်ငန်းနဲ့ လုံခြုံစိတ် ချရသော ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဒီပလိုမာ တစ်ခုခုကို တက်ရောက်ရမှာဖြစ်ပါတယ်။ ထူးခြားမှုက ဘဏ်လုပ်ငန်းနဲ့ လုံခြုံစိတ်ချ ရသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီပလိုမာ တက်ရောက်မည့်သူများမှာ Chatered Institute for Securities and Investment (CISI) က ပေးအပ်မည့် ရင်းနှီးမြုပ်နှံ မှုဆိုင်ရာ စီမံခန့်ခွဲမှုလက်မှတ်နဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲ မှု လက်မှတ်များကိုပါ ရရှိနိုင်ကြမှာဖြစ်ပါ တယ်။ ဘွဲ့လွန်တက်ရောက်မယ့်သူများက University College of Dublin (UCD) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ကို လည်း တက်ရောက်နိုင်ကြ မှာဖြစ်ပါတယ်။
စင်ကာပူမှာ နှစ်ပေါင်း ၈၀ကျော် စီးပွားရေးအဖွဲ့ချုပ်ကြီးအဖြစ် အောင်မြင် စွာရပ်တည်လျက်ရှိတဲ့ Singapore Manufacturer Federations (SMF) ရဲ့ Certificate in Foundation Studies နဲ့ စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုဒီပလို မာ (စာရင်းအင်း၊ ဘဏ္ဍာရေး၊ ဘဏ်လုပ် ငန်းဆိုင်ရာ)တို့မှတစ်ဆင့် Murdoch University, Australia ရဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ဒီဂရီများ ရယူနိုင် မှာဖြစ်တယ်လို့ AT&S မှသိရှိရပါတယ်။ SAA Global Education နဲ့ ချိတ်ဆက်ထားတဲ့ Plymouth University ရဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဘွဲ့ ဒီဂရီအတွက် စီးပွားစီမံ၊ အဆင့်မြင့် ဒီပလိုမာ Level I,II ကိုဦးစွာ တက် ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ စာရင်းကိုင်ဘာသာရပ်များအတွက် အချိန်နဲ့ ငွေကုန်ကြေး ကျလျှော့ချလိုသူများ အဖို့ Foundation in Accountancy (FIA) နဲ့ Association of Chartered Certified Accountants (ACCA) ဘာ သာရပ်များကို စင်ကာပူပြည်သူ့စာရင်းကိုင် လက်မှတ်ရ SAA-GE နဲ့ ဝါရင့်ဆရာ၊ ဆရာမများကို ခန့်အပ်သင်ကြားစေတဲ့ Kaplan (Financial)တို့မှာ သင်ယူနိုင် မယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက အခြေခံပညာ အထက်တန်း အောင်မြင်ထားပြီး စာရင်းအင်း အတွေ့အကြုံ မရှိသူများက FIAကို တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံမှဘွဲ့ရများ၊ စီးပွားရေး (သို့) စာရင်းကိုင်ဒီပလိုမာရရှိ ထားသူများက ACCA ကို တက်ရောက် နိုင်မှာဖြစ်ပါတယ်။ ဖော်ပြပါ စာရင်းအင်းနဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ ဘွဲ့ဒီဂရီတန်းများအား လုံးအတွက် IELTS သတ်မှတ်ချက်များ ရှိပြီး IELTS ဖြေဆို ထားခြင်းမရှိပါက မိမိ တက်ရောက်မယ့် ကျောင်းရဲ့ အင်္ဂလိပ်စာ သင်တန်းများကို တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အသိအမှတ်ပြုဘွဲ့ ဒီဂရီရရှိထားသူများ၊ အသိအမှတ်ပြုဘွဲ့ ဒီဂရီတန်း တက်ရောက်လျက်ရှိသူများ၊ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီပလိုမာ ရရှိ ထားသူများမှာ ဘာသာရပ် ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း (သို့) ဘွဲ့ဒီဂရီတန်းများကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိနိုင်ခြင်း စတဲ့ အခွင့်အလမ်းများ ရရှိမှာဖြစ်တယ်လို့ AT&S မှ သိရှိရပါတယ်။

 ကျော့ကေခိုင်

အခွင့်အလမ်း ဂျာနယ် မှ ။

No comments:

Post a Comment