GSM Sim Card များ ကျပ်ငါးသောင်းဖြင့် ရောင်းချပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့သော်လည်း

ဆက်သွယ်ရေးဝန်ကြီးအား Mobile Phone Sim Card များအား ကျပ်ငါးသောင်းဖြင့် လျှော့ချရောင်းပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့ရာ ဆက်သွယ်ရေးဝန်ကြီးမှ ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များအား ဈေးနှုန်းလျှော့ချပေးနိုင်ရန် တင်ပြညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရရှိသဖြင့် ရှယ်ယာရှင်များ နောက်ဆုံးလျှော့ချပေးသော သဘောတူသော ဈေးနှုန်းဖြစ်သည့် GSM Sim Card အား ၈၀၀၀၀ကျပ်နှုန်း၊ WCDMA Sim Card အား ၁၂၀၀၀၀ကျပ်နှုန်းဖြင့် သာ နောက်ဆုံးသဘော တူညီမှုရရှိခဲ့ပါသည်။

ထို့ကြောင့် ရတနာပုံတယ်လီပို့စ် ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်း (ဆက်သွယ်ရေးဝန်ကြီး) မှ


သမ္မတကြီး၏ ဆန္ဒအရ ဈေးနှုန်းလျှော့ချရန်မဖြစ်နိုင်တော့သဖြင့် ရှယ်ယာရှင်များ နောက်ဆုံးသဘောတူသည့်ဈေးနှုန်းအတိုင်း အတည်ပြုရန် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း နေပြည်တော်သတင်းများအရ သိရှိရပါသည်။

အေးချမ်းမွန်မှ Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


No comments:

Post a Comment