ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော်အတွက် မြန်မာစာနဲ့ ကရင်စာသင်တန်းကို မနေ့က ဖွင့်လိုက်ပါတယ်။

တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမယ်လို့ ဆိုပါတယ်။ သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။

အပြန်အလှန်အားဖြင့် ကရင်ပြည်နယ် မြ၀တီမြို့က ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကို ပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေမှာပါ လို့ တာ့ခ်ခရိုင် ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက်တွေ ကိုပြောဆိုပါတယ်။

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက် သင်ကြားကြမှာဖြစ်ပါတယ်။

မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်းအားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမို အဆင်ပြေနိုင်မယ်လို့ သုံးသပ်ပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပါတယ်။ မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ

အသုံးပြုနေကြပါတယ်။

ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

aye chan mon face book မှ ။


No comments:

Post a Comment