Eset NOD 32 Antivirus ကို မြန်မာတွင် လိုင်စင်ဗားရှင်းဖြင့် ဝယ်ယူနိုင်မည်


ကွန်ပျူတာ ဗိုင်းရပ်များ ကာကွယ် ရှင်းလင်း ရာတွင် ထူးခြားသည့် စွမ်း ရည်နှင့် ကာကွယ်နိုင် စွမ်းမြင့်မား သည့်  သည် မြန်မာနိုင်ငံတွင် လိုင်စင်ဗားရှင်း အနေဖြင့် ပထမဦးဆုံးဖြန့်ချိခြင်းဖြစ် ပြီး ၄င်း၏ ဗိုင်းရပ်စ်တွေ့ သိဖမ်းဆီးနိုင် အားကောင်းမှုနှင့် ကွန်ပျူတာ ၏ CPU/ ရဲ့ Authorized အနေနဲ့ မြန်မာနိုင်ငံမှာ NOD 32 လိုင်စင် ဗားရှင်းAntivirus ကိုဈေးကွက်ကိုဖြန့်မှာပါ။ အနှောင့်အယှက်မဖြစ်အောင်Game mode ကိုရွေးချယ် ထားနိုင်ပါတယ်” ဟုYangon Development မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Eset NOD 32 Antivirus သည်ကမ္ဘာ့ Antivirus လောက တွင် ဩဇာကြီးမားသောVirus Bulletin အဖွဲ့အစည်း၏ “VB100”ဆုများကို (၇၂)ကြိမ် မြောက်ရရှိထားပြီး ၄င်း VB100 ဆုသည် အဖျက်စွမ်းအားနှင့် ကူးစက်ပျံ့နှံ့နိုင်စွမ်းအားကြီးမား သော ဗိုင်းရပ်စ်များကို ၁၀ဝ% ဖမ်း နိုင်ပြီး မှားယွင်းသတိပေးခြင်းမရှိသော Antivirus များကိုသာ ပေး သောဆုဖြစ် ကြောင်းသိရှိရသည်။
ထို့အပြင်Eset သည်ဥရောပတွင် အဆင့်မြင့်ဆုံး တီထွင်နိုင်သော ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၁ HSBC
European Business Awards ဆုကို ရရှိခဲ့ပြီး AV-Comparatives, AV-TEST နှင့် တခြားသော

ဖရန့်ဖတ် - ရန်ကုန် ပထမဆုံး ဥရောပ လေကြောင်း ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်

ဂျာမနီနိုင်ငံ စီးပွားရေး အချက်အချာ မြိုဖြစ်သည့် ဖရန့်ဖက်မြို့နှင့် ရန်ကုန်မြို့ အား ပထမဆုံးတိုက်ရိုက်ပြေးဆွဲမည့် ဂျာမနီနိုင်ငံမှ Condor လေကြောင်း လိုင်းသည် ဂျာမနီဖရန့်ဖက်မြို့မှ ရန်ကုန်မြို့သို့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Condor လေကြောင်း လိုင်း မြန်မာပြည် ကိုယ်စားလှယ် Myanmar Aviation Centre မှ အထွေထွေမန်နေဂျာ မဆွေဆွေလွင်က ပြောကြားသည်။
ခရီးသည် ၂၆၈ ဦးဆံ့ ဘိုးရင်း 767-300ER လေယာဉ်ဖြင့်ပြေးဆွဲမည့် ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို တပတ်တစ်ကြိမ်ပြေးဆွဲပေးမည်ဖြစ်ကာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏နာမည်ကျော် ဖူးခတ်ကမ်းခြေတွင် ခရီးတစ်ထောက်နားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ " ဖူးခက်မှာ တထောက်နားတယ် ဆိုတာက Via Phuket ပါ။ရန်ကုန်-ဖူးခက် ခရီးစဉ်ကျမှပါ " ဟု ၄င်းကဆိုသည်။အသွားအပြန် ၁၀ နာရီကျော် ခန့်ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ရန်ကုန်-ဖရန့်ဖတ် အသွားအပြန် Economy Class အတွက် အမေရိကန်ဒေါ်လာ 1000 အောက်ခန့် ကျသင့်မည်ဖြစ်ကြောင်း၊၄င်းက ရှင်းပြသည်လေယာဉ်အတွင်း Economy Class၊ Premium Economy

ကားဟောင်း စလစ်ရှိတဲ့သူတွေ သိန်း ၈၀၀ လောက်ရင်းလိုက်ရင်ခပ်မိုက်မိုက် ဟမ်းမား ဂျစ်စီးလို့ရပြီ



ခပ်မိုက်မိုက် စီးချင်တဲ့သူတွေ ဝယ်ကြပါတယ်။ အမေရိကန်တို့လို နိုင်ငံမှာတောင် ရော့ခ် -Celebrity များ အစီးများတဲ့ကား ဖြစ်ပါတယ်။ မင်းသား အာနိုး အတော်ကြိုက်တဲ့ ကားလည်း ဖြစ်ပါတယ်။ လေးဘီးမောင်း SUV ကားကြီး ဖြစ်ပါတယ်။၂၀၀၂ ကနေ ၂၀၀၉ ကြားထုတ်တဲ့ Hummer H2 ကိုအသွင်းများပြီး ၂၀၁၂၊ ၂၀၁၀ မော်ဒယ်အခြား Hummer မော်ဒယ်များလည်း ဝယ်နေကြပါတယ်။
၂၀၀၇ ဆိုရင် သမားရိုးကျနည်းလမ်းတိုင်းဖြစ်တဲ့အတွက် ကားဟောင်း စလစ် ရှိတဲ့သူတွေ သိန်း ၈၀၀ လောက် ရင်းလိုက်ရင် ခပ်ကောင်းကောင်း ဟမ်းမား တစ်စီး ရပါတယ်။
ဒီလိုမဟုတ်ဘဲ မော်ဒယ် ၂၀၀၇ အထက်တွေမှ စီးမယ်ဆိုရင် သိန်း တထောင် အထက် ရောက်သွား နိုင်ပါတယ်။ ဒီတော့ မြန်မာပြည်အသွင်းများတဲ့ H2 မော်ဒယ်ကိုပဲ လူကြိုက်များတယ်လို့ပဲ ဆိုရပါမယ်

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။အောက်တိုဘာလ ၁ ရက်နေ့အထိ သီတင်းတပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖြစ်မယ် လို့လည်း မျှော်လင့်ရပါတယ်။ နယူးယောက်မြို့မှာ ရှိနေစဉ် Asia Society Institute မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အမေရိကန် ပြည်ထောင်စုမှာ ခရီးသွားလာခွင့်ကို ကန့်သတ် တားမြစ်ထားတာကို ဖယ်ရှား ပေးခဲ့တာ ဖြစ်သလို ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့

ပြည်တွင်းကျောင်းသားများကို အွန်လိုင်းဘွဲ့သင်တန်း ပညာသင်ဆုပေးရန် Open University စီစဉ်

သင်တန်းအတွက် ပြည်တွင်းရှိ ကျောင်းသားများကို ပညာသင်ဆု ပေးအပ်သွားရန် စီစဉ်နေကြောင်း ယင်းတက္ကသိုလ်၏ မြန်မာနိုင်ငံပညာရေးဆိုင်ရာ တာဝန်ခံ   ပညာသင်ဆု ပေးအပ်လျက်ရှိပြီး ယခုအခါ ပြည်တွင်းရှိ ကျောင်းသားများအား ပညာသင်ဆု တိုးချဲ့ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်သည်။“Online Base ပါ။ သင်ရိုးစာအုပ်တွေ ပို့ပါတယ်။ အွန်လိုင်းပေါ်မှာ ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ရပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ Open University (Australia) ပညာသင်ဆုပေါ့။ သုံးလတစ်ခါ စာမေးပွဲဖြေဖို့ လိုတယ်။ နှစ်ပတ်တစ်ခါ စာစဉ်တွေပို့ဖို့၊ နေ့တိုင်းမှာ စာဖတ်ဖို့လိုတယ်။ တကယ့်ကို စာဖတ်မှရတဲ့ ဘွဲ့မျိုးဖြစ်ပါတယ်”ဟု ဦးသိန်းနိုင်ကပြောသည်။Open University တွင် အွန်လိုင်းမှတစ်ဆင့် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို သင်ယူလေ့လာနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာကျောင်းသား ၂၅

လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ ဆုံရပ်အဖြစ် မန္တလေး လေဆိပ်ကို ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဒေသတွင်း နိုင်ငံများ အကြား လေကြောင်း ကုန်စည်စီးဆင်းရာ အဓိက လေဆိပ်ကြီး အဖြစ် ဆောင်ရွက်သွား ရန်နှင့်  လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ်ရာဆုံရပ် (Aviation and Logistics Hub) တစ်ခုအဖြစ် ရောက်ရှိစေရန် ပုဂ္ဂလိက အခန်းကဏ္ဍ ကိုပါ ပါဝင်ဆောင်ရွက် ခွင့်ပြုသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ပထဝီ အနေအထားအရ အချက်အချာကျသော မန္တလေးလေဆိပ်ကို အပိုင်း ခြောက်ပိုင်းခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုဂ္ဂလိက ပါဝင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်။ အကြို အရည်အချင်း စစ်ဆေးခြင်း အတွက် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူထားပြီး တစ်လအတွင်း တင်သွင်းရမည် ဖြစ်သည်။လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ပုဂ္ဂလိကကဏ္ဍ ပါဝင်ဖို့အတွက် မန္တလေးလေဆိပ်ကို ပြည်တွင်း ဦးစားပေးမယ်။ နိုင်ငံခြားနဲ့လည်း ဖက်စပ်လုပ်နိုင်တယ်။ဒီလုပ်ငန်းတွေက ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊စီမံခန့်ခွဲမှုတွေလိုအပ်တယ်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေအရပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
စိစစ်ရေး အဖွဲ့သုံးဖွဲ့နဲ့ စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတ်မှတ်ချက်နဲ့ ညီညွတ်တာကို ခေါ်ယူမှာ ဖြစ်ပါတယ်။တင်ဒါအောင်တဲ့ အဖွဲ့က ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ လုပ်ငန်း စတင် ဆောင်ရွက်ရမယ်။ ပြည်တွင်းကို ဦးစားပေးပေမယ့် ပြည်ပနဲ့လည်း ပူးပေါင်းဖို့ လိုပါတယ်။ ဒါမှ Market ခေါ်နိုင်မှာပါ” ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်း တင်သွင်းခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှဒေသတွင်း နိုင်ငံများသို့

IMCEITS နှင့် ICTTI သင်တန်းဌာနများမှ သင်တန်းသားများ စတင်ခေါ်ယူ

ပြည်တွင်း/ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် လုပ်ငန်းခွင် အသင့်ဝင်ရောက်နိုင်သော IT ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာသင်တန်း (လှိုင်)တွင်
 India Myanmar Center for Enhancement of IT Skills (IMCEITS) သင်တန်းဌာနနှင့် ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ICTTI သင်တန်းဌာနတို့မှ သင်တန်းများဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသားများအား စတင်ခေါ်ယူလျက်ရှိကြောင်း သိရသည်။ IMCEITS သင်တန်းဌာနတွင် Advanced  ICT Engineering Course နှင့် Mobile Coputing Course ဟူ၍ သင်တန်းခွဲ ၅ မျိုးနှင့် ICTTI သင်တန်းဌာနတွင် Software Development Course နှင့် Network Development Course စသည်ဖြင့် သင်တန်းခွဲပေါင်း ၁၃ မျိုးအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ Java Programming, Microsoft.Net Programming, Database Technology, Linux Server Development Cisco Router Management, Mobile and Wireless

ဒေါ်အောင်ဆန်းစုကြည် နှင့် CNN တွေဆုံခန်း

• CNN ။ ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီး မတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။

• ဒေါ်အောင်ဆန်းစုကြည် ။ ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။ ကျမ အရမ်းကျေးဇူးးတင် သဘောကျ ပါတယ် ။ ဒါပေမယ့် တခါတလေ နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။

• CNN ။ ။ အဲဒါ ဘာကြောင့်များလဲ ။

• ဒေါ်အောင်ဆန်းစုကြည်။ ။ အလွန်အကျွံ အာရုံစိုက်ခံရရင် ဘယ်သူမှ နေတတ်မှာ မဟုတ်ဘူးလေ ။

• CNN ။ ။ ဒါပေမယ့် ဒေါ်စုလုပ်ခဲ့တာတွေဟာ တကယ့်ကို ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတွေ ရှိခဲ့တယ်လေ ။ ဘယ်အရာကများ အကြီးကျယ်ဆုံး အောင်မြင်မှုလို့ ဒေါ်စု ထင်သလဲ ။ အားလုံးကို ပြန်ပြီး

ရန်ကုန်မြို့ဧရိယာ မြေဧကလေးသောင်း တိုးချဲ့ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့တော်တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြေဧက လေးသောင်းကို စက်တင်ဘာ၁၄ရက်တွင်ခွင့်ပြုပေးလိုက်ပြီဖြစ်ေ
ကြာင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အကြံပေးမြို့ပြဆောက်လုပ်ရေးပညာရှင်
 ဒေါက်တာ ကျော်လတ်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ “အခုနေပြောရင် မြေဈေးတွေ တက်သွားမှာစိုးလို့ နှစ်ပတ်လောက်နေမှ ရှင်းပြပါမယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့ တစ်ဖက်ကမ်းဖြစ်သော ဒလနှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ယခု လျာထားသည့် မြေဧကလေးသောင်းမှာ နှစ် ၃၀ စီမံကိန်း ဖြစ်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်ပွဲ၌ ပြောကြားခဲ့သည်။
“ကြားတာကတော့ များတယ်။ နောက်ဆုံးကြားတာတော့ လှိုင်သာယာလည်းပါတယ်။ မရမ်းကုန်း၊

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်

နိုင်ငံတော်ကရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာမရှိကြောင်း တရားဝင်ပြောကြားထားသောကြောင့ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးနှုန်းရန်ဆွေးနွေးချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမျိုးသားဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်းက