ပြည်တွင်းကျောင်းသားများကို အွန်လိုင်းဘွဲ့သင်တန်း ပညာသင်ဆုပေးရန် Open University စီစဉ်

သင်တန်းအတွက် ပြည်တွင်းရှိ ကျောင်းသားများကို ပညာသင်ဆု ပေးအပ်သွားရန် စီစဉ်နေကြောင်း ယင်းတက္ကသိုလ်၏ မြန်မာနိုင်ငံပညာရေးဆိုင်ရာ တာဝန်ခံ   ပညာသင်ဆု ပေးအပ်လျက်ရှိပြီး ယခုအခါ ပြည်တွင်းရှိ ကျောင်းသားများအား ပညာသင်ဆု တိုးချဲ့ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်သည်။“Online Base ပါ။ သင်ရိုးစာအုပ်တွေ ပို့ပါတယ်။ အွန်လိုင်းပေါ်မှာ ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ရပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ Open University (Australia) ပညာသင်ဆုပေါ့။ သုံးလတစ်ခါ စာမေးပွဲဖြေဖို့ လိုတယ်။ နှစ်ပတ်တစ်ခါ စာစဉ်တွေပို့ဖို့၊ နေ့တိုင်းမှာ စာဖတ်ဖို့လိုတယ်။ တကယ့်ကို စာဖတ်မှရတဲ့ ဘွဲ့မျိုးဖြစ်ပါတယ်”ဟု ဦးသိန်းနိုင်ကပြောသည်။Open University တွင် အွန်လိုင်းမှတစ်ဆင့် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို သင်ယူလေ့လာနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာကျောင်းသား ၂၅
ဦးအား နှစ်စဉ်ပညာသင်ဆု ပေးအပ်နေရာမှ ပြည်တွင်းကျောင်းသားများပါ အဆိုပါ ပညာသင်ဆု လျှောက်ထားနိုင်ရေးအတွက် လျှောက်လွှာများ အချိန်မီ ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

7 Day news ။

No comments:

Post a Comment