ကမ္ဘာ့ပထမဆုံးဒီမိုကရေစီ လွှတ်တော် အဆောက်အအုံ ဘယ်နိုင်ငံမှာ ရှိသလဲ

ကမ္ဘာ့ပထမဆုံး လွှတ်တော်ကို ဒီမိုကရေစီ စနစ် စတင် တည်ရှိခဲ့ရာ ဂရိတွင် တွေ့ရမည်ဟု ထင်လျှင်မှား မည်။ ကမ္ဘာ့ ပထမဆုံး ရှေးအကျဆုံး လွှတ်တော် အဆောက် အအုံမှာ တူရကီရှေးဟောင်းမြို့တော် ပါတာ ရာတွင် တည်ရှိသည့် Lycian League လွှတ်တော် အဆောက်အအုံဖြစ်သည်။
ကမ္ဘာ့ ပထမဆုံးဒီမို ကရေစီ လွှတ်တော် ဟုညွှန်းဆိုခံရသည့် ယင်းအဆောက်အအုံကို ဗိုနညငဖတက္ကသိုလ်ရှေးဟောင်းသုတေ သနပါမောက္ခဖာရီအစ်ဆစ်ခ်က ၁၉၉၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ လိုင်စီယန်လွှတ်တော်အဆောက်အအုံကို အေဒီ ၁ ရာစု တွင် စတင်ဆောက်လုပ်ခဲ့ပြီး လွှတ်တော်အ ဖြစ်နှစ်ပေါင်းငါးရာခန့်အသုံးပြုခဲ့ကြသည်။
ဤအဆောက်အအုံကို ရှေးမူ မပျက် ပြန်လည် ပြုပြင်ရန် တူရကီ လိုင်ရာငွေ ၇ဒသမ ၅သန်း နီးပါး အသုံးပြု ကာ၂၀၁၀မှ၂၀၁၂နှစ်ဆန်းအထိ ဆောင်ရွက်ခဲ့သည်။ လိုင်စီယန်လိဂ်ဟုခေါ်သော ယင်းလွှတ်တော်အဖွဲ့ကို ဘီစီ၁၆၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရှေးခေတ် ဒီမိုကရေ စီစနစ်များအနက် အကောင်းဆုံးဟု သတ်မှတ်ခံရသည်။
ဂရိခေတ်အေသင်လွှတ်တော်ခေါင်းဆောင်များ မှာ ရာထူးတွင်ရာသက်ပန်တာဝန်ယူရသော်လည်း
လိုင်စီယန်လွှတ်တော်တွင် လွှတ်တော်အကြီးအကဲကို နှစ်စဉ်မတူညီသောမြို့တစ်မြို့စီမှ ပြောင်းလဲရွေးချယ်ခန့်အပ်လေ့ရှိသည်။
အစိုးရအဖွဲ့တွင်းမှ အုပ်ချုပ် သူများမှာလည်းအရပ်သားအများစုဖြစ်သည်။ လွှတ်တော်အဆောက်အုံတွင်း၌ ကိုယ်စားလှယ်များအ တွက်နေရာ ၁ç၄၅၅ ရှိပြီး အမျိုးသမီးများလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ကြသည်။


7 Day News Journal ။

No comments:

Post a Comment