ဖရန့်ဖတ် - ရန်ကုန် ပထမဆုံး ဥရောပ လေကြောင်း ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်

ဂျာမနီနိုင်ငံ စီးပွားရေး အချက်အချာ မြိုဖြစ်သည့် ဖရန့်ဖက်မြို့နှင့် ရန်ကုန်မြို့ အား ပထမဆုံးတိုက်ရိုက်ပြေးဆွဲမည့် ဂျာမနီနိုင်ငံမှ Condor လေကြောင်း လိုင်းသည် ဂျာမနီဖရန့်ဖက်မြို့မှ ရန်ကုန်မြို့သို့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Condor လေကြောင်း လိုင်း မြန်မာပြည် ကိုယ်စားလှယ် Myanmar Aviation Centre မှ အထွေထွေမန်နေဂျာ မဆွေဆွေလွင်က ပြောကြားသည်။
ခရီးသည် ၂၆၈ ဦးဆံ့ ဘိုးရင်း 767-300ER လေယာဉ်ဖြင့်ပြေးဆွဲမည့် ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို တပတ်တစ်ကြိမ်ပြေးဆွဲပေးမည်ဖြစ်ကာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏နာမည်ကျော် ဖူးခတ်ကမ်းခြေတွင် ခရီးတစ်ထောက်နားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ " ဖူးခက်မှာ တထောက်နားတယ် ဆိုတာက Via Phuket ပါ။ရန်ကုန်-ဖူးခက် ခရီးစဉ်ကျမှပါ " ဟု ၄င်းကဆိုသည်။အသွားအပြန် ၁၀ နာရီကျော် ခန့်ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ရန်ကုန်-ဖရန့်ဖတ် အသွားအပြန် Economy Class အတွက် အမေရိကန်ဒေါ်လာ 1000 အောက်ခန့် ကျသင့်မည်ဖြစ်ကြောင်း၊၄င်းက ရှင်းပြသည်လေယာဉ်အတွင်း Economy Class၊ Premium Economy
Class ၊ Business Class ဟူ၍ Class သုံးမျိုးခွဲထားပြီး Business Class သည် ဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ ထိုင်ခုံ 18 ခုံသာပါဝင်ကြောင်း Condor လေကြောင်းလိုင်း၏ ထုတ်ပြန်ချက် များတွင် ဖော်ပြပါရှိသည်။

Yoyarlay ။

No comments:

Post a Comment