ဂျပန်၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သည့်ကုမ္ပဏီက မြန်မာကို အနာဂတ်ကြယ်ပွင့်တစ်ခုအဖြစ် သတ်မှတ် ကာ ရင်းနှီးမြှုပ်နှံမည်

နာမည်ကြီး Nissan မော်တော်ကားကုမ္ပဏီသည် ယခုနှစ်အတွင်း အရှေ့တောင်အာရှနှင့် အမေရိက နိုင်ငံများတွင် ကားစီးရေ ငါးသန်းကိုထုတ်လုပ်သွားရန် ပြင်ဆင်နေပြီး ၎င်းတို့အနာဂတ်ကား ထုတ် လုပ်မည့်နေရာမှာ မြန်မာနိုင်ငံဖြစ်လာဖွယ်ရှိကြောင်း Nissan ဥက္ကဋ္ဌ၏ ထုတ်ဖေထ်ာပြောကြားချက်အရသိရသည်။ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံးကား ထုတ်လုပ်သူNissanအနေဖြင့်ဥရောပရှိ၎င်းတို့၏ကား ဈေးကွက်ကို ဖြည်းဖြည်းချင်းနောက်ဆုတ်သွားရန်ရှိနေပြီး အရှေ့တောင်အာရှနှင့် အမေရိကန်တို့တွင် ထုတ်လုပ်မှုဈေးကွက်များ တိုးချဲ့ကာ အလားအလာကောင်းသည့် အာရှဈေးကွက်သာ ပြန်လည်ခြေကုပ်ယူလို သည့် သဘောဖြစ်နေကြောင်း သိရသည်။ “မြန်မာကတော့ အနာဂတ်အတွက် ကြယ်တစ်ပွင့်ပါပဲ။ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့လိုမျိုးပေါ့”ဟု Nissan ၏ဥက္ကဋ္ဌ Carlos Ghson ကပြောကြားသည်။ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့ အခြေစိုက် အဆိုပါကား
ကုမ္ပဏီအနေဖြင့် ဥရောပနိုင်ငံများသို့ သြဂုတ်လအတွင်းက ကားစီးရေ ၄၁၈၃၂ စီး ရောင်းချပေးနိုင်ခဲ့ပြီး ယခုနှစ် အစောပိုင်းကာလများထက် ၃ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရ သည်။

အာဆီယံဒေသတွင်း၌ တရုတ်နိုင်ငံက ဈေးကွက်မျိုးစုံနေရာယူနေမှုနှင့် ပတ်သက်၍ ဂျပန်ဒုတိ ယအကြီးဆုံး ကားထုတ်လုပ်သည့် Nissan အနေဖြင့် တစ်စုံတစ်ရာ စိုးရိမ်မှုမရှိကြောင်းနှင့် အာဆီယံဒေသတွင်း နိုင်ငံများက ဂျပန်နိုင်ငံ၏ ကားထုတ်ပြီးသားဖြစ်ကြောင်း ပြောကြားထားသည်။ “တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု တွေနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေကို ကျွန်တော်တို့ စိုးရိမ်ခြင်းမရှိခဲ့ပါဘူး”ဟု မစ္စတာ Carlos Ghson ကပြောကြားခဲ့ ပြီး မြန်မာနိုင်ငံက ဂျပန်နိုင်ငံမှ ၂၀၀၄ နောက်ပိုင်းမော်ဒယ် တစ်ပတ်ရစ်ကားများ ၀ယ်ယူသုံးစွဲနေရမှု ဈေးကွက် ကိုလည်း လေ့လာထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

Teashop Talk ။

No comments:

Post a Comment