
”ကျွန်မကို ပြယုဂ် အနေနဲ့ ရည်ညွှန်း ပြောဆို တာကို ကျွန်မ မနှစ်သက်ပါဘူး
၊ဘာလို့လဲဆိုတော့ ကျွန်မအမြင်အရ ပြယုဂ်ဆိုရင် ဘာမှမလုပ်ဘဲ
ထိုင်ရုံပဲထိုင်နေမှာပေါ့” ဟု ၎င်း၏ ဟောပြောပွဲကို တက်ရောက် လာကြသော တက်ကြွ
များပြားသည့် ပရိသတ် ရှေ့တွင် ဒေါ်အောင်ဆန်း စုကြည် က ပြောကြားလိုက်ခြင်းဖြစ်သည်။”ကျွန်မကိုအလုပ်လုပ်သူအဖြစ်သာမြင်စေချင်ပါတယ်၊အလုပ်ကြိုးစားမှုကို
ကျွန်မအလွန်ယုံကြည်ပါတယ်၊ကျွန်မအကျယ်ချုပ်နဲ့အဖမ်းခံနေရတုန်းမှာတောင်မှ
စည်းစနစ်ရှိတဲ့ဘဝအဖြစ်နဲ့နေထိုင်နိုင်ဖို့
ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါတယ်၊ကျွန်မကို
အလုပ်ကြိုးစားလုပ်သူအဖြစ်ပဲမြင်စေချင်ပါတယ်”ဟု ၎င်းကပြောကြားသည်။
နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်
အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ခရီးသွားရောက်ရာ၌ အမေရိကန် သမ္မတ
အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင်
သူမ၏
ဒီမိုကရေစီနှင့်လွတ်လပ်မှုမြှင့်တင်ရေးအတွက်
ကြိုးပမ်းမှုကိုအသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် ကွန်ဂရက် လွှတ်တော်က
ချီးမြင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံရယူခဲ့သည်။
အဆိုပါတက္ကသိုလ်၌ ဟောပြောရာတွင် အရှေ့တောင် အာရှနိုင်ငံ များသည် လွတ်လပ်သော
လူ့အဖွဲ့ အစည်းဖြစ်ရန် ခရီးရှည်ကြီး ကိုလျောက်လှမ်း ရဦးမည်ဖြစ် သည်ဟုလည်း
နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
”လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ယူမှု ရှိတဲ့နိုင်ငံသား
တစ်ယောက် အစ်အမှန်ဖြစ်လာဖို့ဆိုရင်၊လွတ်လပ်တဲ့လူ့အဖွဲ့အစည်းမှာ
လွတ်လပ်မှုရှိတဲ့နိုင်ငံသားတစ်ယောက်အဖြစ်ပြုမူနေထိုင်ဖို့လိုအပ်ပါတယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
The Voice Weekly ။
No comments:
Post a Comment