မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အမေရိကန် အခြေစိုက်
Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် “Freedom on the Net
2012”တွင် ဖော်ပြချက်အရ သိရသည်။အဆိုပါ စစ်တမ်းမှာ နိုင်ငံ အသီးသီးကို အဆင့်(၀)မှ(၁၀၀)အထိ သတ်မှတ်၍
အင်တာနက် လွတ်လပ်ခွင့်ကို တွက်ချက်ထားပြီး စစ်တမ်းများအရ
မြန်မာနိုင်ငံနှင့် တူနီးရှား နိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့်
တိုးတက်လာကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။ ယင်းစစ်တမ်း အရ မြန်မာနိုင်ငံသည် အဆင့် ၇၅ တွင် ရှိပြီး၊ မြန်မာနိုင်ငံ၏
အင်တာနက် လွတ်လပ်ခွင့် အပြည့်အဝ မရသေးကြောင်း ယင်းစစ်တမ်းတွင်
ဖော်ပြထားသည်။အက်စ်တိုးရီးယား နိုင်ငံသည် စစ်တမ်း ပါဝင်သော နိုင်ငံများ အနက် အင်တာနက် လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံအဖြစ် ရပ်တည်ပြီးအမေရိကန် ပြည်ထောင်စု က ဒုတိယ နေရာတွင် ရပ်တည်ပြီး၊ အီရန်၊ ကျူးဘား ၊တရုတ်၊
နိုင်ငံတို့ကို အင်တာနက် လွတ်လပ်ခွင့်
အနည်းဆုံး နိုင်ငံများအဖြစ်
ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
The Voice Weekly

No comments:
Post a Comment