ထိုင်းနိုင်ငံ Bangkok Bank နှင့် မြန်မာနိုင်ငံမှဘဏ်များကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ပြီး

ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန် ပါသည်။AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB ခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေး ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။အမေရိကန် ဒေါ်လာဖြင့် ငွေလွှဲ ပို့လိုက်ပါက ဒေါ်လာဖြင့် ပြန်လည် ထုတ်ယူနိုင်သလို မြန်မာငွေဖြင့် ထုတ်ယူပါက ပေါက်ဈေး အတိုင်း ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဘန်ကောက် ဘဏ်သည် တရုတ်၊ ဂျပန် နှင့် အာဆီယံ ဒေသတွင်းရှိ နိုင်ငံများတွင် ချိတ်ဆက်ဆောင်ရွက် နေသဖြင့်
၎င်းနိုင်ငံရှိ မြန်မာများလည်း မြန်မာနိုင်ငံသို့ ငွေလွှဲပို့နိုင်ပြီး ဖြစ်ပါသည်။

 ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment