ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်

စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန် ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့် အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။

ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့် ခြေလှမ်းဖြစ်ကြောင်း Reuters

ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်သူ မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ကနေ တဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသခံ အာဏာပိုင်တွေက ဒီနေ့ ဖမ်းဆီးရမိ ခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပရပ်ကွက် အနောက်က ကြံတောထဲမှာ နိုင်ငံထဲ ခိုးဝင်သူလို့ ယူဆရတဲ့ လူတစု ဖြတ်ဝင်လာကြောင်း ကျေးရွာလုံခြုံရေးတပ်ဖွဲ့ကနေ မဲဆောက်မြို့နယ်မှူးဆီကို အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ခိုးဝင်လာသူတွေဟာ တာ့ခရိုင် တဘက်ကမ်း မြ၀တီကနေ   တောတောင်တွေထဲ ခြေလျင်ဝင်လာပြီး

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့
နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။

အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ၀တ်ပြိုင်ပွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။

အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ်းတွေကိုပါ

အိန္ဒိယမှ မြန်မာသို့ ငြိမ်းချမ်းရေး ဗုဒ္ဓလက်ဆောင် လှူဒါန်းမည်

ရွှေတိဂုံဘုရားတွင် တည်ထားပူဇော်နိုင် ရန်အတွက် ဉာဏ်တော် ၁၆ ပေရှိ ဗုဒ္ဓရုပ်ပွားတော် တဆူကို အိန္ဒိယနိုင်ငံမှ ‘ငြိမ်းချမ်းရေး လက်ဆောင်’ အဖြစ် ပေးပို့ လှူဒါန်းမည်ဟု သိရှိရသည်။

အေဒီ ၅ ရာစု၊ ဂုပတ္တမင်းဆက်ခေတ် အနုပညာလက်ရာ ပုံစံအတိုင်း ထုံးကျောက်ဖြင့် ပြန်လည်ထုဆစ်ထားသည့် ထိုင်တော်မူ ရုပ်ပွားတော်ကို လာမည့် သီတင်းပါတ်အတွင်း ရေကြောင်းလမ်းဖြင့် ပင့်ကာ ရန်ကုန်မြို့တွင် တည်ထား ကိုးကွယ်နိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်တွင်လည်း ဖူးမြော်ကြည်ညိုနိုင်ရန်
ပြသထားမည်ဟု Times of India တွင် ရေးသားထားသည်။

မည်သည့်ကိုယ်တော်ပုံတူ ဖြစ်နိုင်မည်ကို အသေအချာ မသိရှိရသေးသော်လည်း UP ပြည်နယ်၊

မြန်မာကို အမေရိကန် အခိုင်အမာ ထောက်ခံမည်

အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူအညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
“နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို ကူညီတဲ့အပေါ် ထောက်ခံတာဟာ အမေရိကန်ပြည် ထောင်စုရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ အခိုင်အမာ ပြောကြားလိုက်တာပါ” လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီလို ပြောလိုက်တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအင်စတီကျူးရှင်းတွေကနေ တဆင့် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့နဲ့ မြန်မာပြည်ရဲ့

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်တန့်ဖို့ ပြည်သူ့ညီလာခံက တောင်းဆို

မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ခွင့်ရ ကုမ္ပဏီနဲ့ ဒေသခံတွေကြား စီမံကိန်း ရပ်တန့်ဖို့ ကိစ္စ အငြင်းပွား နေချိန်မှာ ဒေသခံတွေ ဘက်က လက်ပံတောင်း ပြည်သူ့ ညီလာခံ ဆိုပြီး လက်ပံတောင်း ဒေသခံတွေ ဦးဆောင်တဲ့ တွေ့ဆုံပွဲ တခုကို ကြာသပတေး နေ့က စပြီး မနက်ဖြန် အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ပံတောင်း တောင်ခြေက ဆည်းတည်း ရွာမှာ ကျင်းပနေပါတယ်။
ဒီပြည်သူ့ ညီလာခံမှာ ယူအန်အေ တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ဝင် ကချင်၊ ရခိုင် ကယား၊ ဇိုမီး၊ ရှမ်း၊ ကိုးကန့် စတဲ့ တိုင်းရင်းသား အဖွဲ့တွေ ကျောင်းသား အရေးနဲ့ အလုပ် သမား လယ်သမား အရေး လုပ်ဆောင်တဲ့ အဖွဲ့ ၃၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒေသခံ အင်အား စုစုပေါင်း ၁ သောင်းကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညီလာခံမှာ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့ ၊ ရခိုင်ပြည်နယ်မှာ ၁၈၂၄ ခုနှစ် မတိုင်ခင် ရောက်ရှိခဲ့တဲ့ ဘင်္ဂ္လီ လူမျိုးများကို နိုင်ငံသား အဖြစ် သတ်မှတ် အခွင့်အရေး ပေးဖို့၊

ရုပ်ရှင် သူရဲကောင်းဆုတွေနဲ့ မြန်မာ့ရုပ်ရှင်နေ့ ( ရုပ်/သံ)

အမျိုးဘာသာ၊ သာသနာနဲ့ ဒီမိုကရေစီအရေး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရင်း ရုပ်ရှင်လောကရဲ့ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့တဲ့ အနုပညာရှင်တွေကို ဒီနှစ် မြန်မာ့ ရုပ်ရှင် 
နေ့  အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရုပ်ရှင် သူရဲကောင်းဆုတွေ ချီးမြှင့်ခဲ့ကြောင်း ဧရာဝတီက ရုပ်သံနဲ့ ရိုက်ကူး တင်ဆက် ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ 

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။ 

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ

ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ပေါ်မူတည်၍ မြန်မာ-၀မ်ပေါင်က ဥပဒေအရ ဆောင်ရွက်မည်ဟုဆို

                                                               လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍
 နောက်ပိုင်းတွင် ကုမ္ပဏီနာမည်အား
ထိခိုက်မှုများလာနိုင် သည့် အကျိုးဆက်များဖြစ်လာပါက
 သုံးသပ်ပြီး ဥပဒေကြောင်းအရ အရေးယူ
ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မြန်မာ-၀မ်ပေါင် 
ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
အောက်တိုဘာ လ ၁၅ ရက်တွင် ပြုလုပ်သောရှင်းလင်းပွဲ၌ ပြောသည်။
အဆိုပါကုမ္ပဏီ၏ အထွေထွေမန်နေ ဂျာ မစ္စတာဂန်းရီက “ကျွန်တော်တို့ ထပ် ဖြစ်လာမည့်
နောက်ဆက်တွဲဖြစ်ရပ်တွေ ကိုကြည့်ပြီး ဆုံးဖြတ်ပါမယ်။ ဆုံးဖြတ်ပြီး ရင် ကုမ္ပဏီနာမည်ကို ထိခိုက်
လာတာမျိုး များလာပြီဆိုရင်တော့ ဥပဒေကြောင်း အရ ဆောင်ရွက်တော့မှာပါ။ ကျွန်တော် တို့မှာ
ဒီလိုလုပ်ပိုင်ခွင့်ရှိပါတယ်” ဟု သတင်းဌာနတစ်ခုက ဘာသာရေးဆိုင် ရာ ဘုရား၊ ပုထိုး ဖျက်ဆီးခံရ
သည်ဟု သတင်းလွှင့်မှုအပေါ်တွင် ကုမ္ပဏီက ပြန်လည်ဖြေရှင်းမှုပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
၌ ပြောကြားသည်။
မြန်မာ-၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ-ယန်စီ ကုမ္ပဏီသည် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများ
ဖြစ်ပြီး ရေရှည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေရန် ရည်ရွယ်
ထားကြောင်း၊ အစောပိုင်းကတည်းက မြန်မာနိုင်ငံ၏ ဘာသာ၊ သာသနာ လုပ်ထုံးလုပ်နည်းများကို
လေးစားမှုရှိရန် ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် ၀က်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ရုပ်သံသတင်းမီဒီယာ
တစ်ခု၏ မေး မြန်းချက်တွင် “လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးသွားခဲ့တဲ့ ဘုရား စေတီနဲ့

ကန်ဒေါ်လာ အဟောင်းအနွမ်း များလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်

ကန်ဒေါ်လာ အဟောင်း အနွမ်း၊ အစုတ် အပြဲများကို အစိုးရပိုင် ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေး တော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောသည်။ တင်းကျပ်သော စနစ်တို့ဖြင့် ကန်ဒေါ်လာ လက်ခံမှုကို ဆောင်ရွက်နေသော ဘဏ်တို့အပေါ် လက်ရှိတွင် ဝေဖန်မှု ပြစ်တင်မှုများ ရှိနေသည်။ နိုင်ငံ၏ ငွေကြေး ဈေးကွက်အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ် သည့် ဗဟိုဘဏ်က ထိုသို့ လက်ခံ ဖြေရှင်းပေးခြင်း ကို မည်သည့် အချိန်တွင် စတင် ဆောင်ရွက်ပေးမည်ဟု အတိအကျ ပြောကြားခြင်း မရှိပေ။
ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ''အချိန် အတိအကျ ပြောဖို့ထက် ကျွန်တော်တို့ လုပ်ထုံး လုပ်နည်းတွေအရ ပုဂ္ဂလိကဘဏ်တွေကို အစည်းအဝေး အရင်ခေါ်ရပါဦးမယ်။ ဆွေးနွေးသဘောတူ ညီချက်နဲ့ ငွေကြေးဌာနကနေ တရား ဝင် ကြေညာချက်ထုတ်ပြီး တော့မှ လဲလှယ်ပေးသွားဖို့ ရှိပါတယ်'' ဟု